Loading...

Loading

Loading
(You are in the browser Reader mode)

အခန်း (၂၀) - ခရစ်တော်ကြွလာခြင်းကိုမြတ်နိုးခြင်း

ကြီးကျယ်သော ဘာသာရေးနိုးကြားမှုတစ်ခုအကြောင်းကို ဗျာဒိတ်ကျမ်း ၁၄ မှ ပထမကောင်းကင်တမန်၏ သတင်းစကားတွင် ကြိုတင်ဖွင့်ဟထားပါသည်။ HFB 378.1

‘‘မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးသီးဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရ ဧဝံဂေလိတရားကို ဟောရသောကောင်းကင်တမန်တစ်ပါးက --- ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကိုငါမြင်၏။’’ ထိုကောင်းကင်တမန်က ‘‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်မြေကြီး သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ပြလော့ဟု ကြီးသောအသံနှင့် ပြောဆို၏။’’ ဗျာဒိတ်ကျမ်း ၁၄:၆-၇။ HFB 378.2

ကောင်းကင်တမန်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသော ထိုသတင်း စကားအားဖြင့် ပြီးမြောက်အောင်မြင်စေရမည့် ထိုအမှုတော်၏ မြှောက်စားခြင်း ခံရသောထူးခြားချက်ကို ပုံဆောင်ကိုယ်စားပြုပါသည်။ ထိုကောင်းကင်တမန်၏ ကောင်းကင်အလယ်မှာပျံဝဲခြင်း၊ မြေကြီးပေါ်မှာနေသော အသီးသီးသော ဘာသာစကားပြောသည့် လူမျိုးနွယ်ခပ်သိမ်းတို့အား ကြီးစွာသောအသံဖြင့် ဖွင့်ဟကြွေးကြော်ခြင်းအရာသည် ထိုသတင်းစကား၏ ကမ္ဘာအနှံ့လျင်မြန်စွာ ပျံ့နှံ့သွားမည့်သာဓကကို ဖေါ်ပြထားခြင်းဖြစ်သည်။ ထိုဖွင့်ဟကြွေးကြော် သည့်အချိန်သည် တရားစီရင်ခြင်းအစပြုကြောင်း ကြေညာသည့်အချိန် ဖြစ်ပါသည်။ HFB 378.3

ဧဝံဂေလိတရားတော်၏ ကဏ္ဍတစ်ခုဖြစ်သော ဤသတင်းစကားကို နောက်ဆုံးနေ့ရက်များတွင်သာ ကြွေးကြော်ကြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်ကျမှသာ ‘‘တရားစီရင်တော်မူသော အချိန်ရောက်လာပြီ’’ ဆိုသည့်အချက်သည် မှန်ကန်ပါမည်။ ထိုနောက်ဆုံးသော နေ့ရက်များနှင့်စပ်ဆိုင်သော အနာဂတ္တိစကားများကို ‘‘အမှုကုန်ရသည်ကာလ တိုင်အောင် တံဆိပ်ခတ်ထားရန် ဒံယေလအားမိန့်မှာထားသည်။ ဒံ၊ ၁၂:၄။ ဤအနာဂတ္တိစကားများ၏ ပြည့်စုံမှုတစ်ခုအပေါ်မှာအခြေခံလျက် ထိုအချိန် ရောက်မှသာ တရားစီရင်ခြင်းနှင့်စပ်ဆိုင်သောသတင်းစကားကို ဟောပြောနိုင်မည်ဖြစ်သည်။ HFB 379.1

သူ့ခေတ်တွင် ခရစ်တော်၏ကြွလာခြင်းကို မမြော်ရန် အသင်းတော်အား ရှင်ပေါလုသတိပေးခဲ့သည်။ ကြီးကျယ်သောဘာသာရေး လမ်းလွှမှုကြီးနှင့် ‘‘ဒုစရိုက်လူ’’ ၏ကာလတာရှည် စိုးမိုးမှုများကို ကျော်လွှား ပြီးမှသာ ခရစ်တော်၏ကြွလာခြင်းကို မျှော်လင့်နိုင်ကြပါမည်။ ၂သက်၊ ၂:၃ ကိုကြည့်ပါ။ ‘‘ဒုစရိုက်လူ’’ တည်းဟူသော ‘‘ပျက်စီးခြင်း၏သား’’ ‘‘လျှို့ဝှက် ထားလျက်ရိသော အဓမ္မအရာ’’ ‘‘ထိုအဓမ္မလူ’’ သည် နှစ်ပေါင်း ၁၂၆၀ တိုင်တိုင် အာဏာတန်ခိုးကို ထိန်းသိမ်းနိုင်ခဲ့သော ရဟန်းမင်းနှင့် ၎င်း၏အဖွဲ့ကို ကိုယ်စားပြုပါသည်။ ထိုကာလသည် ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ရာ ထိုကာလမတိုင်မီ ခရစ်တော်ကြွမလာနိုင်ပါချေ။ ရှင်ပေါလုသည် ၁၇၉၈ ခုနှစ် အထိတည်မြဲခဲ့သည် ခရစ်ယာန်များစိုးမိုးရာ ကာလတစ်ခုလုံးအတွက်သိပေးခဲ့ခြင်းဖြစ်သည်။ ၁၇၉၈ ခုနှစ်နောက်ပိုင်းမှစ၍ ခရစ်တော်ကြွလာခြင်းနှင့် စပ်ဆိုင်သောသတင်းစကားကို ဟောပြောကြရပါမည်။ HFB 379.2

ထိုကဲ့သို့သောသတင်းစကားမျိုးကို အတိတ်အချိန်က တစ်ခါမှ ပေးအပ်တော်မမူဖူးချေ။ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်အတိုင်း ရှင်ပေါလုသည် ထိုသတင်းစကားကို မဟောကြားခဲ့ပါ။ ခရစ်တော်ကြွလာခြင်းအတွက် အလွန်ဝေးသောအနာဂတ်ကိုသာ သူပြညွှန်ခဲ့ပါသည်။ ဘာသာရေး ပြုပြင်ပြောင်းလဲရေးသမားများလည်း ထိုသတင်းစကားကို မပြောဆို၊ မဟောကြားခဲ့ကြပါ။ မာတင်လူးသာက တရားစီရင်ခြင်းကို နောင်နှစ်ပေါင်း ၃၀၀ လောက်မှာမှပြုလုပ်လိမ့်မည်ဟု ပြောခဲ့ပါသည်။ သို့သော် ၁၇၉၈ ခုနှစ်မှ စ၍ ဒံယေလအနာဂတ္တိကျမ်းကိုဖွင့်လှစ်ကာ တရားစီရင်ခြင်းနီးကပ် လာကြောင်း သတင်းစကားများကို လူအများဟောပြောခဲ့ကြပါသည်။ HFB 380.1