Loading...

Loading

Loading
(You are in the browser Reader mode)

အခန်း (၃၅) - အခြိမ်းခြောက်ခံနေရသည့်ဩတ္တပ္ပစိတ်လွတ်လပ်မှု

ရောမအယူဝါဒကို ယခင်အချိန်များတုန်းကထက် ယခုခေတ်တွင် ပရိုတက်စတင့်များက ပို၍လက်ခံလာကြပါသည်။ မိမိတို့ယခင်ကထင်ထား ခဲ့သလို အရေးကြီးသောအချက်များတွင်များစွာကွဲလွဲမှုမရှိသဖြင့် အနည်းငယ် လိုက်လျောခြင်းအားဖြင့် ရောမတို့နှင့် နားလည်မှုရရှိနိုင်သည်ဟူသော အတွေးအခေါ်သည် ရောမအယူဝါဒလွှမ်းမိုးခြင်းခံထားရသည့်နိုင်ငံများတွင် နေထိုင်ကြသော ပရိုတက်စတင့်များ၏စိတ်တွင် အမြစ်တွယ်နေပါသည်။ ရောမများနှင့် အဆင်ပြေအောင်ကြိုးစားသူများသည် ဘုရားသခင့်အပေါ်တွင် သစ္စာမဲ့သူများဖြစ်ကြသည်ဟု ပရိုတက်စတင့်မိဘများက ၎င်းတို့၏သားသမီး များကို သွန်သင်ခဲ့ခြင်းများသည် အတိတ်တွင်ကျန်ရစ်ခဲ့ချေပြီ။ ရောမများအပေါ် ယခုအချိန်တွင် ထားရှိသည့်သဘောထားမှာ များစွာခြားနား သွားပါပြီတကား။ HFB 613.1

ရောမအသင်းတော်ကို ကာကွယ်နေသူများကမူ ၎င်းတို့၏ အသင်းတော်သည် အပုပ်ချခံနေရခြင်းသာဖြစ်ကြောင်း အမှောင်ခေတ်တုန်းက အသင်းတော်၏ လုပ်ရပ်များကိုထောက်ပြကာ ယခုခေတ် ရောမအသင်းတော် အား စီရင်နေကြခြင်းမှာ တရားမျှတမှုမရှိကြောင်း ဖွင့်ဆိုနေကြပါသည်။ ထိုအသင်းတော်၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ခေတ်ကာလ၏ ရက်စက်ကြမ်းကြုတ်မှုများအဖြစ် သူတို့ဆင်ခြေပေးခဲ့ကြပါသည်။ HFB 613.2

‘‘အသင်းတော်သည် မည်သည့်အခါကမျှ အမှားအယွင်းများကို မလုပ်ခဲ့ဖူးသလို မည်သည့်အခါတွင်မှလည်း အမှားအယွင်း များကို လုပ်လိမ့်မည်မဟုတ်ချေ။ သမ္မာကျမ်းစာအရမူ အမြဲတမ်းမှားယွင်းမှု များကိုလုပ်နေကြသည်’’ ဟု ရောမအသင်းတော်က ဖွင့်ဆိုထားသည်ကို ဤပုဂ္ဂိုလ်များမေ့လျော့နေကြပြီလား။ HFB 613.3

မိမိတို့အသင်းတော်သည် အမှားအယွင်းကင်းမဲ့သည်ဟူသော ဖွင့်ဆိုချက်ကို ထိုရောမအသင်းတော်က မည်သည့်အခါမျှပြန်လည်ရုတ်သိမ်း လိမ့်မည်မဟုတ်ချေ။ သက်ဆိုင်ရာအစိုးရများက ပြဌာန်းထားသည့် ထိန်းချုပ်မှု များကို ယခုဖယ်ရှားပစ်လိုက်မည်ဆိုလျှင် ရောမအသင်းတော်သည် ယခင်တန်ခိုးအာဏာများပြန်လည်ရယူကာ နိုင်လိုမင်းထက်ပြုခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများကို ပြန်လည်အသက်သွင်းလာပေလိမ့်မည်။ HFB 614.1

ရောမအသင်းတော်ထံတွင် စစ်မှန်သောခရစ်ယာန်များရှိနေသည် ဆိုသည့်အချက်မှာ မှန်ကန်ပါသည်။ ထိုအသင်းတော်တွင် ရှိနေသည့် ယုံကြည်သူတချို့မှာ မိမိတို့ရရှိထားသည့် အလင်းတရားအားဖြင့် ဘုရားသခင်ကို ကိုးကွယ်နေကြပါသည်။ လှည့်ဖြားမှုနှင့် ပြည့်ဝပြီး စိတ်ကျေနပ်မှုကိုမပေးနိုင်သည့် ယုံကြည်ခြင်းတစ်မျိုးတွင် ပညာပေးခြင်း ခံရသည့် ထိုသူများကို သနားကြင်နာသောစိတ်ဖြင့် ထာဝရဘုရား ကြည့်တော် မူပါသည်။ ထိုကြောင့် ထိုအမှောင်ထုကို ဖြိုခွင်းရန် အလင်းတန်းများကို ကိုယ်တော်ရှင်ထွန်းလင်းစေတော်မူမည်ဖြစ်ရာ များစွာသော ထိုယုံကြည်သူ များသည် ဘုရားသခင်၏သားသမီးများနှင့်အတူ ပူးပေါင်းလာကြလိမ့်မည်။ HFB 614.2

သို့ရာတွင် ရောမအယူဝါဒသည် စနစ်တစ်ခုအနေဖြင့် ယခင်အချိန်များ ကထက် ယခုအချိန်တွင် ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့် ပို၍လိုက်လျော ညီထွေဖြစ်လာသည်မဟုတ်ပါ။ ကမ္ဘာကြီးကို ထိန်းချုပ်ထားရန်အတွက်သော်လည်းကောင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းအလုပ် များကို ပြန်လည်အသက်သွင်းကာ ပရိုတက်စတင့်များ လက်နှင့်ရေးထား သမျှကို ခြေဖြင့်နင်းချေရန်အတွက်သော်လည်းကောင်း၊ ရောမအသင်းတော် သည် နည်းမျိုးစုံကို အသုံးပြုလျက်ရှိပါသည်။ ရောမအယူဝါဒသည် နေရာတကာတွင် အောင်ပွဲဆင်နေပါသည်။ အသင်းတော်အရေအတွက် တိုးပွားမှုမှာဖြစ်စေ၊ ပရိုတက်စတင့်အများစုက ကျယ်ကျယ်ပြန့်ပြန့်အားပေး နေသည့် ရောမအသင်းတော်မှ ဖွင့်လှစ်ထားသော ကောလိပ်ကျောင်းနှင့် တက္ကသိုလ်များ၏ ရေပန်းစားမှုမှာဖြစ်စေ၊ အင်္ဂလန်နိုင်ငံတွင် သီလဗ္ဗတပရာမာသ (Ritualism) ဝါဒကြီးထွားတိုးတက်လာပုံနှင့် ရောမယုံကြည်ချက်အသီးသီးကို လက်ခံလာသူများ၌ဖြစ်စေ ၎င်းတို့၏ အောင်ပွဲဆင်နေမှုများကို တွေ့မြင်နိုင်ကြပါသည်။ HFB 614.3