Loading...

Loading

Loading
(You are in the browser Reader mode)

အလုပ်အတွက်ပြင်ဆင်ခြင်း

ယေရှု၏နောက်လိုက်များသည် ကိုယ်တော့်စကားကို နားမလည် ခြင်းထဲမှာနေ၍ ကျေနပ်နေကြပါလျှင် ဘုရားသခင်၏စိတ်နှလုံးနှင့်အလိုတော် များကို တွေ့ကြရမည်မဟုတ်။ လူအားလုံးကျမ်းစာကျောင်းသားများဖြစ်နေရ မည်။ ခရစ်တော်သည် နောက်လိုက်တပည့်များအား မိန့်ဆိုခဲ့သည်။ “ကျမ်းစာ အားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့်သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏ သက်သေဖြစ်၏။” ပေတရုကလည်း ကျွန်ုပ်တို့အား တိုက်တွန်းဆိုထားခဲ့သည်မှာ “၅ စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘော နှင့်ပြန်ပြောခြင်းငှါ ကာလအစဉ်မပြတ်အသင့်ရှိနေကြလော့။” (ChS 143.2) ChSBur 236.3

အမှန်အကန်ပြောင်းလဲယုံကြည်ခြင်းသို့ ရောက်လာသောသူများသည် သမ္မာကျမ်းစာနားလည်ခြင်းတွင် ပို၍ပို၍တော်လာကြ၏။ ထိုသို့အားဖြင့် သူတို့ သည် အမှောင်ထဲ၌ရှိကြသောသူများ၊ အပြစ်နွံတွင်းမှာပျက်စီးနေကြရသူများ အား နှုတ်ကပတ်တရားအလင်းဟောပြော၍ ကယ်တင်ခြင်းသို့ရောက်ကြစေရန် ဆောင်ရွက်ပေးနိုင်စွမ်းရှိကြပါသည်။ (ChS 143.3) ChSBur 237.1

ကျွန်ုပ်တို့သည် လူအပေါင်းတို့အား ဘုရားသခင်၏နောက်ဆုံးသတိ ပေးစကားကို ကြေညာပေးနေရသောကြောင့် သမ္မာကျမ်းစာကို အလွန်ကြိုးစား သင်ယူခြင်းနှင့်အလင်းတရားပျံ့နှံ့ရောက်ရှိစေရေးစိတ်အားကြီးနေရခြင်းအကြောင်း များတွင် ကျွန်ုပ်တို့ဘာဖြစ်သင့်သလဲ။ ကောင်းကင်ဘုံမှအလင်းရောင်လက်ခံ ရကြသူ (ဝိညာဉ်) များသည် ထိုအလင်းကိုထပ်ဆင့်ပေးကမ်းကြပါစို့။ အမှ ဆောင်ရွက်ကြသူများသည် တစ်အိမ်တက်ဆင်းသွားရောက်၍ လူတွေကို ကျမ်းစာဖွင့်ဖတ်ပြခြင်း၊ လက်ကမ်းထုတ်ဝေစာစောင်များဖြန့်ဝေပေးခြင်း၊ သူတို့ ဝိညာဉ်များအား ကောင်းချီးပေးသောအလင်းတရားကို သူတစ်ပါးအား ဟောပြော ခြင်းတို့ကို ဆောင်ရွက်ကြပါစို့။ (ChS 143.4) ChSBur 237.2

ကျမ်းစာကျောင်းဆင်းအမှုတော်ဆောင်များသည် တိုးတက်လာကြ သောအခါ ကောင်းစွာချိန်ညှိလုပ်ဆောင်သည့်အမှုတော်တစ်ရပ် ရှေ့ဆက်သွား နိုင်ပါသည်။ ကျမ်းစာကျောင်းများ (သို့မဟုတ်) မြို့ ပြသာသနာနယ်နှင့် ဆက်သွယ်၍ လူထုအစည်းအဝေးကြီးများကျင်းပသောအခါ ကျမ်းစာကျောင်း သားများကို နေ့စဉ်လမ်းညွှန်ချက်ပေးနိုင်သောသူများ၊ အထွေထွေညီလာခံ အတွက် လူထုကြိုးပမ်းခြင်းကို ရှေ့တန်းတင်စိတ်ပါလက်ပါစည်းရုံးလုပ်ဆောင် နိုင်သူများဖြစ်ကြသည့် ဝိညာဉ်ရေးရာနက်ရှိုင်းစွာသိကျွမ်းသူ အတွေ့အကြုံရှိ အမှုတော်ဆောင်ကြီးများပါဝင်သင့်ပါသည်။ (ChS 143.5) ChSBur 237.3