Loading...

Loading

Loading
(You are in the browser Reader mode)

ထက်မြက်သောအေဂျင်စီများဖြစ်သည့် စာပုံနှိပ်တိုက်

ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းသူ/အသင်းသားများ သည် လောကမှခွဲခြား၍ တစ်မူထူးသောလူတစ်စုအဖြစ် ဘုရားသခင်ရွေးကောက် တော်မူခြင်းခံကြရသူများဖြစ်ပါသည်။ ဘုရားသခင်သည် လောကကျောက်မိုင်း မှသမ္မာတရားကျောက်စဉ်းဓားကြီးဖြင့် ဖြတ်ထုတ်လိုက်သောကျောက်ကဲ့သို့ သူတို့ကိုကိုယ်တော်နှင့် ဆက်ဆံခွင့်ယူတင်ပေးခဲ့သည်။ ကိုယ်စားလှယ်တော် များအဖြစ်လည်း ခန့်အပ်ပေး၍ သူတို့ကိုနောက်ဆုံးသောကယ်တင်ခြင်းအမှု တော်ထဲမှာ ကိုယ်တော့်အတွက် သံတမန်များအဖြစ် ခေါ်တော်မူခဲ့သည်။ သမျိုးဖြစ်သောလူတို့အတွက် အစဉ်အပ်ပေးတော်မူသောအကြီးမြတ်ဆုံး သမ္မာတရားကြွယ်ဝမှု၊ လူတွေကိုဘုရားသခင်လွှတ်ပေးနေသောအလေးနက်ဆုံး နှင့်ကြောက်စရာအကောင်းဆုံးသတိပေးချက်များသည် လောကသို့ထပ်ဆင့် သတင်းပေးရန် သူတို့ထံအပ်နှံတော်မူခဲ့ပါသည်။ ဤအမှုတော်ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းတွင် ကျွန်ုပ်တို့၏စာပုံနှိပ်တိုက်များသည် အထက်မြက်ဆုံး လုပ်နိုင်သောကိုယ်စားလှယ်အေဂျင်စီများဖြစ်ကြလေသည်။ (ChS 147.5) ကျွန်ုပ်တို့၏စာပေပုံနှိပ်ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းသည် ဘုရားသခင် ၏ညွှန်ကြားချက်ဖြင့် ကိုယ်တော်၏အထူးစီမံကြီးကြပ်မှုအောက်၌ တည်ထောင် ခဲ့ခြင်းဖြစ်သည်။ (ChS 148.1) ChSBur 244.3

အထက်ကောင်းကင်ဘုံမှ မဟာတန်ခိုးတော်နှင့် ဆင်းသက်ရောက် လာသောအခြားကောင်းကင်တမန်သည် မြေကြီးပေါ်တွင် ဘုရားဘုန်းတော် ရောင်ခြည်ထွန်းတောက်ခြင်းနှင့်အတူ ကျွန်ုပ်တို့၏စာပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း သည် အမြင်ကျယ်သောအဆင့်တစ်ခု၌ လုပ်ဆောင်ပြီးမြောက်ခြင်းရှိစေရ မည်။ (ChS 148.2) ChSBur 245.1

ကျွန်ုပ်တို့စာပုံနှိပ်တိုက်များသို့ ကျွန်ုပ်အား နှုတ်ခွန်းဆက်စကားပြော စေခဲ့သည်မှာ “စံနှုန်းကိုမြှင့်တင်လော့၊ ပို၍မြင့်မြင့်မြှင့်တင်ကြ၊ တစ်လောကလုံး ကြားလောက်အောင် တတိယကောင်းကင်တမန်၏သတင်းစကားကို ကြွေးကြော် လော့။ ‘၁၂ ဘုရားသခင်၏ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်သောသန့်ရှင်းသူတို့ (Rev 14:12)” ကိုဒီနေရာမှာ သူတို့အား မြင်စေကြပါ။ ကျွန်ုပ်တို့၏စာပေသည် တစ်လောကလုံး၏ သက်သေ အဖြစ် သတင်းစကားကို ကြေညာကြပါစို့။” (ChS 148.3) ChSBur 245.2