Loading...

Loading

Loading
(You are in the browser Reader mode)

အခန်း (၁၅)—ကောက်လှိုင်းများရိတ်သိမ်းခြင်း

သပွတ်အူလိုပြဿနာ

ကျွန်ုပ်တို့ရှေ့မှောက်မှာ ရှုပ်ထွေးလျက်နေသောမေးခွန်းတစ်ရပ်သည် နှစ်များစွာကြာညောင်းခဲ့ပါပြီ။ ထိုမေးခွန်းမှာ “ကျွန်ုပ်တို့၏အရှေ့၌ ထာဝရ ဘုရားလမ်းဖွင့်ပေးသောသာသနာလုပ်ငန်းများအတွက် ပံ့ပိုးရန်လိုအပ်သော ရန်ပုံငွေကို မည်ကဲ့သို့မြှင့်တင်နိုင်ပါသနည်း” ဖြစ်သည်။ ဧဝံဂေလိလုပ်ပါ ဆိုသောအမိန့်တော်ကို ကျွန်ုပ်တို့ရှင်းလင်းစွာကြားသိခဲ့ရပြီ။ ပြည်တွင်း၊ ပြည်ပ သာသနာနယ်မြေတွေမှာ လိုအပ်သည်များကိုလည်း သိမြင်ပါပြီ။ ရည်ညွှန်း ချက်များလည်း မှန်ပါ၏။ စီမံကိန်းအရှင် ဘုရားသခင်၏အပြုသဘောနှင့် ဖေါ်ပြချက်များသည် ကျွန်ုပ်တို့အား စောင့်ဆိုင်းလျက်နေသောသာသနာအမှ တော်မြတ်ကို လျင်မြန်စွာလုပ်ဆောင်ကြရန် နှိုးဆော်လျက်ရှိနေပြီမဟုတ်လော မိတ်ဆွေ။ (ChS 167.1) ChSBur 278.1