Loading...

Loading

Loading
(You are in the browser Reader mode)

ကူညီသောလက်များကို ဆန့်တန်းတိုးချဲ့ခြင်း

အပြစ်သည် ဒုစရိုက်ပေါင်းစုံ၌ အကြီးမားဆုံးဖြစ်၏။ သို့ဖြစ်၍ အပြစ်ရှိသူကိုသနားစိတ်ဖြင့် ကူညီခြင်းသည် ကျွန်ုပ်တို့၏ အလုပ်ဖြစ်ရမည်။ ဝိညာဉ်ရေးရာဆာငတ်နေသည်ကို ဖုံးဝှက်ထားသူများစွာရှိပါ၏။ ထိုသူတို့ အတွက် စာနာစကားတစ်ခွန်း (သို့မဟုတ်) မေ့မရနိုင်သောအကြင်နာလုပ်ရပ် တစ်ကွက်အားဖြင့် သူတို့ကိုကြီးမားစွာအကူအညီပေးလိမ့်မည်။ မိမိ၌လိုအပ် သည့်အဓိကအချက်ကိုမသိသူတွေများစွာရှိပါ၏။ ထိုသူတို့သည် ကြောက်စရာ အသက်ဝိညာဉ်၏လွင်တီးခေါင်လွင်ပြင်အခြေအနေကို သတိမမူမိကြပါ။ ထောင်သောင်းသိန်းသန်းမကသောလူထုကြီးသည် အပြစ်နွံ၌ နစ်မွန်းနေကြ ပါသဖြင့် နိစ္စထာဝရဆိုင်ရာတကယ့်ဖြစ်ရပ်မှန်များရှိနေသည်ဆိုသောအသိစိတ် သည် ပျောက်ဆုံးသွား၏။ ထာဝရဘုရားရှိကြောင်း၊ ကောင်းမြတ်ကြောင်းကို မသိကြတော့ပါ။ သို့ဖြစ်၍ သူတို့၏အသက်ဝိညာဉ်များကယ်တင်ခြင်းရမည်၊ မရမည်ကို သူတို့သေချာပေါက်မသိကြတော့ပါ။ ထာဝရဘုရားကိုမယုံကြည် နိုင်သလို လူလူချင်း၌လည်း စိတ်ချမှုမထားတော့ပါ။ ထိုကဲ့သို့သောလူများ ဆီသို့ ကိုယ်ကျိုးမဖက်အတ္တကင်းသောအကြင်နာလုပ်ရပ်များဖြင့်သာလျှင် ဆက်သွယ်ရောက်လှမ်းနိုင်ပါသည်။ သူတို့၏ခန္ဓာကိုယ်လိုအပ်မှုများကို ပထမ ဦးစွာဂရုစိုက်ပေးသင့်ပါသည်။ အစာကျွေး၍ ရှင်သန်စေပြီး သင့်တင့်လျောက် ပတ်သောအဝတ်ဖြင့် လုံခြုံစေရပါမည်။ သင်၏အတ္တမဖတ်သောမေတ္တာသက်သေ ကိုသူတို့မြင်တွေ့ ရသည်နှင့်အမျှ သူတို့သည် ခရစ်တော်၏မေတ္တာကို ယုံကြည် စိတ်ချလာရန် လွယ်ကူစေပါလိမ့်မည်။ (ChS 190.1) ChSBur 318.1

ဒုစရိုက်ဘဝဖြင့် အသက်ဆက်နေရသောဝိညာဉ်သည် သက်သာ ရာအကြောင်းရှာမတွေ့ဖြစ်နေပါက ကယ်တင်ရှင်၏မေတ္တာကရုဏာတော်နှင့် ထိတွေ့ ပေးပါ။ ထိုသူကိုလက်ဆွဲ၍ထစေပြီး သတ္တိမွေးရန် အားပေးစကားနှင့် အတူ မျှော်လင့်ခြင်းပြပေးပါ။ ကယ်တင်ရှင်၏လက်ကို မြဲစွာကိုင်ဆွဲရန် သူ့ကိုကူညီပါ။ (ChS 190.2) ChSBur 319.1