Loading...

Loading

Loading
(You are in the browser Reader mode)

အခန်း (၂၂)—ဆုတောင်းခြင်းနှင့်မစ်ရှင်အစည်းအဝေး

ထိရောက်သောဆုတောင်းခြင်း၏လျှို့ဝှက်ချက်

ဘုရားသခင်၏နိုင်ငံတော်ကို တိုးတက်တည်ထောင်ခြင်းသည် လူသား အငန်းအတာထဲ၌ သစ္စာရှိခြင်း (သို့မဟုတ်) သစ္စာမရှိခြင်းအခြေအနေအရ နှောင့်နှေးစေနိုင်သလို ရှေ့ဆက်ဆောင်ရွက်ကြရန်လည်း ဆော်သြတိုက်တွန်း နိုင်သည်။ အမှုတော်မြတ်သည် ကောင်းကင်ဘုံရှင်နှင့်ပူးပေါင်းလုပ်ဆောင်ရန် လူသား၏ကျရှုံးခြင်းက အတားအဆီးဖြစ်နေသည်။ လူသားတို့ဆုတောင်း နိုင်ကြပါသည်။ “နိုင်ငံတော်တည်ထောင်ပါစေသော၊ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟူ၍။ သို့ရာတွင် သူတို ့သည် ဤဆုတောင်းချက်ကို သူတို့ဘဝထဲ၌ လက်တွေ့အကောင်အထည်ဖော်ရန် ဆုံးရှုံးခဲ့လျှင် သူတို့တောင်းပန် စကားများသည် အကျိုးမဲ့လိမ့်မည် ဖြစ်သတည်း။ (ChS 211.1) ChSBur 350.1