Loading...

Loading

Loading
(You are in the browser Reader mode)

အခန်း (၂၃)—သာသနာပြုလုပ်ငန်းဆိုင်ရာလမ်းကြောင်းများ

မျက်မမြင်အတွက်စဉ်းစားပေးခြင်း

တကယ့်မျက်စိမမြင်ကြသောဘုရားသားသမီးများအား ပြုစုပေးရန် ကောင်းကင်တမန်များကို ဘုရားစေလွှတ်ထားသည်။ ကောင်းကင်တမန်များသည် သူတို့၏ခြေလှမ်းများကို စောင့်ရှောက်၍ သူတို့မသိလိုက်သည့်ဘေးအန္တရာယ် ပေါင်းထောင်သောင်းများစွာမှ သူတို့အားကယ်နုတ်ပေးသည်။ သူတို့ကိုလမ်း ဖြောင့်ဖြောင့်သွားစေနိုင်ခဲ့သည်။ (ChS 215.1) ChSBur 356.1

ဘုရားသခင်၏လူများဆုတောင်းနေကြစဉ် မျက်မမြင်နှင့်ဖျားနာသူ များကို သူတို့အထဲမှဖယ်ထုတ်ထားပါက သူတို့၏ဆုတောင်းခြင်းများကို ကိုယ်တော်နားထောင်လိမ့်မည်မဟုတ်။ (ChS 215.2) ChSBur 356.2

အသင်းတော်ထဲတွင် မျက်စိမမြင်သူကို ထိမိ၍လဲစရာအကြောင်း လုပ်နေလျှင် ထိုသူကိုတရားခွင်တင်၍ စစ်ဆေးသင့်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည် ကျွန်ုပ်တို့ကိုမျက်မမြင်သူများ၊ ဒဏ်ရာဝေဒနာ သည်များ၊ မုဆိုးမများနှင့်မိဘမဲ့များအား စောင့်ရှောက်ပေးရန် ပညတ်တော် မူထားသောကြောင့်ဖြစ်သည်။ ကျမ်းစာထဲ၌ ညွှန်းဆိုသော ထိမိ၍ လဲစရာ ကျောက် ဆိုသည်မှာ မျက်မမြင်ကိုလဲစေရအောင် သူ့ခြေထောက်ရှေ့၌ သစ်သား တန်းချထားသည်ဟုမဆိုလိုပါ။ အဓိပ္ပါယ်မှာ သူတို့အထဲရှိမျက်မမြင် ညီအစ်ကိုများ၏ရပ်တည်မှု၊ အကျိုးရှိမှု၊ (သို့မဟုတ်) မျက်မမြင် ပိုင်ဆိုင်ပစ္စည်းကို တားဆီးပစ်မှုစသည့် မျက်မမြင်များနစ်နာစေဖို့ လိုက်လုပ်နေသောမည်သည့်အလုပ်မျိုးကိုမဆို ဆိုလိုသည်။ (ChS 215.3) ChSBur 356.3

မျက်စိမမြင်သူတစ်ယောက်သည် အမြင်အာရုံဆုံးရှုံးနေသောကြောင့် ဘက်ပေါင်းစုံကို အာရုံမပြုနိုင်ကြပါ။ အမှောင်ပိတ်ဖုံးနေသောသူတို့ရဲ့ကမ္ဘာ အထဲ၌ လမ်းခရီးကိုမမြင်မကန်းစမ်းသွားနေသည်ကို မြင်ရသည်မှာ သူတို့ သည် သနားခြင်း၊ စာနာခြင်းခံလိုက်ရ၍ ရင်ခုန်မည့်နှလုံးရှိမည်မထင်ရပါ။ တကယ်မာကျောပါသည်။ ဘုရားကျေးဇူးတော်အားဖြင့်သာလျှင် သူတို့နှလုံး သားကိုပျော့ပျောင်းစေရပါမည်။ (ChS 215.4) ChSBur 356.4