Loading...

Loading

Loading
(You are in the browser Reader mode)

အခန်း (၂)—ပျိုရွယ်မောင်မယ်တို့အားဖိတ်ခေါ်နေခြင်း

ထာဝရဘုရားသခင်ခန့်အပ်တာဝန်ပေးခြင်း

ဘုရားသခင်သည် ပျိုရွယ်မောင်မယ်တို့အား မိမိ၏အကူလက်များ အဖြစ် ခန့်အပ်တာဝန်ပေးထားပါသည်။ (ChS 30.1) ChSBur 41.1

ကျွန်ုပ်တို့၏လူငယ်လူရွယ်များပါသော အမှုတော်ဆောင်တပ်တော် ကြီးသည် မှန်ကန်စွာသင်တန်းပေးထားခြင်း၊ ဖြည့်ဆည်းထောက်ပံ့ပေးထား ခြင်းရှိခဲ့လျှင် လက်ဝါးကပ်တိုင်ပေါ်အသေခံ၍ ရှင်ပြန်ထမြောက်တော်မူပြီး နောက် မကြာမီပြန်ကြွလာတော့မည့် ကယ်တင်ရှင်၏သတင်းကောင်းစကားကို တစ်လောကလုံးသို့ အဘယ်မျှလောက်စောစောပြောပြီးလိုက်လေမလဲ။ (ChS 30.2) ChSBur 41.2

အကယ်၍သာ ကျွန်ုပ်တို့သည် လူငယ်လူရွယ်များအား ကျကျနန လမ်းညွှန်ပေးခြင်းနှင့် အားပေးခြင်းပြုခဲ့မည်ဆိုလျှင် ယနေ့လူငယ်တပ်တော် တစ်ခုကို ကျွန်ုပ်တို့ရရှိခဲ့ပြီ။ ကျွန်ုပ်တို့၏သားသမီးများသည် သမ္မာတရား၌ သက်ဝင်ယုံကြည်သည်ကို ကျွန်ုပ်တို့လိုချင်ကြသည်။ သူတို့၌ ဘုရားသခင် ထံမှ ကောင်းချီးများစွာရရှိစေရန်လည်း ကျွန်ုပ်တို့လိုချင်ကြသည်။ ထို့အပြင် သူတို့သည် အခြားလူငယ်လူရွယ်များအား အကူအညီပေးနိုင်ရန် စနစ်တကျ ဖွဲ့စည်းထားသောစီမံချက်အောက်တွင် ပါဝင်လုပ်ကိုင်ကြရန်လည်း ကျွန်ုပ်တို့ လိုချင်ကြသည်။ သို့ဖြစ်၍ လူငယ်များသည် သမ္မာတရားကို မှန်မှန်ကန်ကန် ပြောဆိုတတ်ကြရန်၊ သူတို့အထဲ၌ မျှော်လင့်ခြင်းရှိသည်ဆိုသည့်အကြောင်း ပြသထားရှိရန်နှင့် သာသနာအလုပ်ခွင်ထဲ၌ သူတို့အရည်အချင်းပြည့်လုပ်ကိုင် ကြသောမည်သည့်အလုပ်ဌာနတွင်မဆို ဘုရားသခင်အား ချီးမွမ်းခြင်းရှိကြစေရန် သူတို့အားလုံးကို သင်တန်းပေးကြပါစို့။ (ChS 30.3) ChSBur 41.3