Loading...

Loading

Loading
(You are in the browser Reader mode)

အခန်း (၄)—ခရစ်ယာန်အမှုတော်ဆောင်တို့ရင်ဆိုင် ကြရမည့်လောကအရာများ

လောကဇာတ်ခုံ

လောကကြီးသည် ဇာတ်ခုံတစ်ခုဖြစ်သည်။ သရုပ်ဆောင်သူများ၊ ပါဝင်ကြသူများသည် နောက်ဆုံးသောဇာတ်ကွက်ကြီးမှာ သူတို့၏အပိုင်းအလိုက် သူတို့ပါဝင်ကပြနေကြရသည်။ လောကလူသားအုပ်စုကြီးသည် သူတို့၏ ကိုယ်ကျိုးရည်ရွယ်ချက်ကို မဟာမိတ်ဖွဲ့လုပ်ဆောင်ပြီးစီးစေသည်မှလွဲလျှင် လူတွေစည်းရုံးမှုမရှိကြပါ။ ဘုရားသခင်သည် ကြည့်ရှုလျက်နေ၏။ ဘုရား သခင်သည် ပုန်ကန်ကြသောလူသားတို့၌ မေတ္တာထားလျက် အလိုတော်ကို ပြီးပြည့်စုံစေခဲ့ပါသည်။ အချိန်ရာသီအလိုက် လောက၏ကမောက်ကမဖြစ်ခြင်း နှင့် ကစဉ့်ကလျားဖြစ်ခြင်းအရာများကို လူသားတို့အား ယိမ်းထိုးထမ်းဆောင် စေခဲ့သည့်တိုင် ဘုရားသခင်သည် လောကကြီးကိုလူသားတို့လက်ထဲမှာ အပ်နှင်းမထားခဲ့ပါ။ အောက်အရပ်မှတန်ခိုးတစ်ခုသည် ပြဇာတ်၏နောက်ဆုံး သောဇာတ်ဝင်ခန်းကြီးတစ်ခုကို တင်ဆက်ပေးရန် ရောက်လာပါတော့သည်။ စာတန်သည် ခရစ်တော်အသွင်ဖြင့် လာနေပါသည်။ စာတန်သည် လျှို့ဝှက် သောလူသားအုပ်စုထဲတွင် မိမိကိုယ်မိမိချည်နှောင်ထားသူများအပေါ်သို့ ဖြောင့်မတ်ခြင်းမှ တိမ်းစောင်းစေသောလှည့်ကွက်များအားလုံးကို ယူတင်ပေး လာနေသည်။ လူသားမဟာမိတ်အဖွဲ့ အစည်းအတွက် စိတ်ဇောအဟုန်စွဲကပ် ကျရောက်နေသူများသည် ရန်သူစာတန်၏စီမံကိန်းကို အကောင်အထည် ဖေါ်ဆောင်ရွက်နေကြသည်ဖြစ်၏။ ဤအကြောင်းအတွက် အကျိုးဆက်ကို ရကြပါလိမ့်မည်။ (ChS 50.1) ChSBur 77.1