Loading...

Loading

Loading
(You are in the browser Reader mode)

အချိန်အခါအလိုက်သတိပေးချက်

စနစ်တကျလုပ်ဆောင်တတ်ရန်မှာ လိုအပ်ချက်ဖြစ်သည်။ သို့ရာတွင် လူတချို့သည် ဖန်တီးချက်၊ စီမံချက်၊ အလုပ်အတွက် ပြင်ဆင်ချက်များ၌ အချိန်အကြာကြီးယူနေခဲ့ကြသည်။ ထိုအချိန်အတွင်း စာတန်သည် ကြောက်ဒူး တုန်နေသူများကို ညှို့ယူဖမ်းစားခြင်းဖြင့် အမှုဆောင်မည့်သူများ၏အာရုံသည် လည်း လှည့်စားပြုစားတတ်သူ၏ထင်ယောင်ထင်မှားဖြစ်စေခြင်းအောက်သို့ ဆွဲသွင်းဝင်ရောက်သွားရလေ၏။ (ChS 75.4) ChSBur 120.1

စာတန်သည် ထိုလူစုထဲသို့ သူဝင်ရှုပ်ခွင့်ရသဖြင့် သိသိသာသာ ဖွဲ့စည်းဆောင်ရွက်ဖို့လိုအပ်ချိန်တွင် အဖွဲ့အစည်းဖြစ်မလာ၊ အလွဲအမှားအယောင် ဆောင်စကားများနေကြခြင်းက အမှောင်တန်ခိုးကို ဖြစ်စေ၍ နောက်ဆုံး၌ အုပ်စု အလိုက်လှုပ်ရှားမှုသည် နှုတ်ကပတ်တော်အမှန်အကန်စေစားခြင်းမရှိကြောင်း ထုတ်ပြောလာကြသည့်တိုင်အောင် ဖြစ်လာစေသဖြင့် စာတန်သည် အဘယ်မျှ ဝမ်းသာနေလေမလဲ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ပုံစံမှန်သောစည်းမျဉ်းများကို ဆုပ်ကိုင်ထားရမည်။ အဖွဲ့အစည်းနှင့် စနစ်တကျတည်ရှိမှုစနစ်သည် ဉာဏ် ပညာနှင့်ချင့်ချိန်၍ အသေအချာတာဝန်ပေးအပ်တည်ဆောက်ပေးထားသည် ဖြစ်သောကြောင့် ဖြိုချဖျက်ဆီးခြင်းမပြုလုပ်ရပါ။ စနစ်မရှိ၊ ပရမ်းပတာမိမိ စိတ်တိုင်းကျရောက်လာ၍ အမှုတော်မြတ်ကို ထိန်းချုပ်လိုသောသဘောနှင့် ဝင်လာကြသူများကို ဤအချိန်တွင် ခွင့်ပြုမိန့်လိုင်စင်ထုတ်ပေးခြင်းမပြုရပါ။ (ChS 75.5) ChSBur 120.2

-o-